သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် OCHA အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ (၁၃-၆-၂၀၁၇) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊  မင်းသူရိယခန်းမ၌ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီး၊ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ ပြည်နယ် နယ်လုံဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် (၂၂) ဦးနှင့် (NGOs,INGOs,CSOs) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၆၀)ဦး၊ စုစုပေါင်း(၈၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events