ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး Online တွင် ပိုမိုချိတ်ဆက်မှုအားကောင်းရေး၊ လှုပ်ရှားမှုများ အားလုံးသိရှိနိုင်ရန်အတွက် အဖွဲ့စနစ်ထူထောင်ပြီး ကျရောက်လာနိုင်မည့် သဘာဝဘေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးများအား အဖွဲ့များမှ ပါဝင်ဆွေးနွေးခဲ့ကြပါကြောင်းနှင့် အဆိုပါ တွေ့ဆုံပွဲသို့ လူမှုရေးအသင်းအဖွဲ့များမှ (၂၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)