ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ပေါက်လေးပင်ကျေးရွာအုပ်စု ပေါက်လေးပင်ကျေးရွာ လက်ပံဦးကျေးရွာ ဆင်ပွတ်ကျေးရွာနှင့် မြေခြားကျေးရွာတို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် (၉-၆-၂၀၁၇) ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ (၆၂) လုံး အိမ်ထောင်စု (၆၂) စု လူဦးရေ (၂၆၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၅၅၂၃၀၀/-) ကျပ်အား စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ (၁၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)