Category Archives: News
-
နေရပ်ပြန်ပြည်သူများအား စားသောက်စရာများ ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသခံစေတနာရှင်များနှင့်အတူပူးပေါင်း၍ (၁၅-၆-၂၀၁၇) ရက်နေ့၊ (၁၆း၄၅ ) နာရီအချိန်၌ ခန္တီးမြို့သို့ ရောက်ရှိခဲ့သော တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူ (၃၉၅) ဦးခန့်အား ထမင်းထုပ်၊ ရေသန့်နှင့် အချိုရည်ဗူးများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာများမှ ပြည်သူများ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကန်လှကျေးရွာအုပ်စု၌ သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စခန်းကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ၊ အ.မ.က ခွဲ တာဝန်ခံကျောင်းအုပ်သည် ဘိုကလေးမြို့နယ်၊ ဟေမန်ကျေးရွာအုပ်စု၊ မြစ်ကျိုးရွာထိပ်၊ လတတပင်ဝဲအနီး၌ ပဲ့ထောင်စက်လှေ နစ်မြုပ်မှုကြောင့် သေဆုံးသွားပါသဖြင့် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀) ကျပ်အား သေဆုံးသူ၏ မိသားစုဝင်များထံသို့ (၁၆-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် (၁၅-၆-၂၀၁၇) ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၂) စု၊ အိမ်ခြေ (၂) လုံး၊ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၈၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် DAN Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးစီး ဌာနမှ ထုတ်ဝေသည့် သဘာဝဘေး အသိပညာပေး ဗီနိုင်း (မီး ရေ မုန်တိုင်း ငလျင် ) များကို ဘားအံ မြို့နယ် မဲဘောင်စျေး၌ ချိတ်ဆွဲခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေး အပ်ခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ ၄င်းအပြင် လူစည်ကားသောနေရာနှင့် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ ဆပ်သဖူးကုန်းကျေးရွာ၌ (၁၄-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၅၆,၃၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာများအသိပညာပေးဆွေးနွေးဟောပြောမှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့ အ.ထ.က (၂) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြု လုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ အင်အား စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဗဟုသုတများ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအမျိုး အစားပေါ်မူတည်၍ တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ဖြစ်စဉ်များနှင့်တကွ ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၅-၆-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများအား ဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် (၁၃:၀၀) နာရီအချိန်တွင် မုက္ခမူကျေးရွာ၌လည်း သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအကြောင်း ဟောပြောခြင်း၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူ သို့ပန်ကြားချက်လက်ကမ်းစာစောင်များနှင့် … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီ ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လွှာချောင်းရေမြင့်တက်မှုကြောင့် (၁၃-၆-၂၀၁၇) ရက်နေ့က ရေဘေးသင့်၍ ပြောင်းရွှေ့ပေးခဲ့ရသည့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ ဆန်ဖိုးငွေ (၅၆၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၇၆၇၀၀/-) ကျပ်တို့အား (၁၅- ၆ -၂၀၁၇) ရက်နေ့တွင် မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လွှဲ ပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









