ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် DAN Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးစီး ဌာနမှ ထုတ်ဝေသည့် သဘာဝဘေး အသိပညာပေး ဗီနိုင်း (မီး ရေ မုန်တိုင်း ငလျင် ) များကို ဘားအံ မြို့နယ် မဲဘောင်စျေး၌ ချိတ်ဆွဲခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေး အပ်ခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။ ၄င်းအပြင် လူစည်ကားသောနေရာနှင့် ဘေးဖြစ်ပွားနိုင်ခြေရှိသော ကျေးရွာများသို့လည်း အ ဆိုပါ ဗီနိုင်းများ ချိတ်ဆွဲနိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)