သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

16 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၅-၆-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများအား ဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် (၁၃:၀၀) နာရီအချိန်တွင် မုက္ခမူကျေးရွာ၌လည်း သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအကြောင်း ဟောပြောခြင်း၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူ သို့ပန်ကြားချက်လက်ကမ်းစာစောင်များနှင့် ဘေး (၇) မျိုးပါ ပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:            သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events