Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ကျိုင်းတုံမြို့နယ်ယန်းလောအုပ်စု၊ ဝမ်မောက် ရွာတွင် (၁၈-၆-၂၀၁၇) ရက်နေ့ ၌ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ( ၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ကျိုင်းတုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံး(ကဆရ)
-
ပြည်သူတို့၏လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး၊ ပြင်ဆင်ရေး၊ လတ်တလောကယ်ဆယ်ရေးအထောက်အပံ့ပေးနို်င်ရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားသို့တက်ရောက်ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ကျောင်းနေအရွယ် ကလေးများ ကျောင်းရောက်ရှိရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်း ထွက်နှုန်း ကျဆင်းရေးတို့သည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ကျောင်းတက်နိုင်ရန် နိုင်ငံတော်အစိုးရက အခမဲ့ပညာရေးစနစ် … Read more
-
ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁ရခုနှစ်၊ ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက် (၁၈- ၆-၂၀၁၇) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်—— ဧရာဝတီမြစ်ရေသည် ဇွန်လ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ … Read more
-
သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေးဆင့်ပွားမွမ်းမံသင်တန်း အောင်မြင်စွာ ကျင်းပပြုလုပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင််ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာ နမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများသည် ကလေးမြို့နယ် ဒိုးနွယ်ဘုန်း တော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးသုနန္ဒ၏ ဦးဆောင််မူဖြင့်် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြိုတင်ကာကွယ် ရေးဆင့်ပွားမွမ်းမံသင်တန်း ကို််ဒုတိယအကြိမ်အဖြစ် ဇွန် (၁၄) ရက်မှ (၁၇) ရက်နေ့အထိ (၄)ရက်ကြာ ဒိုးနွယ်စံပြကျေးရွာ သာသနာ့ဗိမာန်ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက် သူသင်တန်းသား (၃၅)ဦး ၊ သင်တန်းသူ (၃၀)ဦး စုစုပေါင်းသင်တန်းသား (၆၅) ဦးတို့အောင်မြင်စွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
(၁၇.၆.၂၀၁၇) ရက်နေ့၊ နေ့လည် (၁၄းဝဝ) နာရီမှ (၁၅းဝ၀) နာရီအထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်တွင် ကျိုင်းတုံခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပြည်သူလူထု စုစုပေါင်း (၁ဝဝ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း(၂)
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း ၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) မှ (၁၆-၆-၂၀၁၇) နေ့ နိုင်ငံတကာမိုးလေဝသ Website ဖြစ်သော Windyty မှ ရရှိသော အချက်အလက်များအရ ရခိုင်ပြည်နယ်၏ မိုးရေချိန်များမှာ အနည်းဆုံး (၀.၅၈ လက်မမှ ၂.၇၃ လက်မ)ထိ ရှိနိုင်သည့် အနေအထားကိုတွေ့ရှိရပါသည်။ ၂။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ မိုးရွာသွန်းနိုင်မှုအခြေအနေများကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ မြစ်ရေတိုးခြင်းနှင့် မိုးသည်းထန် စွာရွာသွန်းခြင်းတို့ကြောင့် ရေကြီး/ရေလျှံမှုများဖြစ်ပေါ်လာနိုင်ပြီး ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမ က လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍ … Read more
-
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၆-၆-၂၀၁၇) ရက်နေ့ ၌ မွန်ပြည်နယ် သထုံမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/သူဦးရေ (၁၅၁) ဦးအား လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူများအား အကူအညီပေးနေမှုသတင်း
တနိုင်းဒေသမှ ဒေသအတွင်းမတည်ငြိမ်မှုကြောင့် ခန္တီးမြို့သို့ရောက်ရှိလာသော နေရပ်ပြန် ပြည်သူလူထု (၇၇) ဦးအား (၁၆.၆.၂၀၁၇) ရက်နေ့ (၁၈းဝ၀) နာရီခန့်တွင် ဒေသခံစေတနာရှင်များမှ ထမင်းထုပ်ဝေခြင်း၊ ခန္တီးခရိုင်ကယ်ဆယ်ရေးဦးစီးဌာနမှ ရေသန့်နှင့် အချိုရည်များဝေငှခြင်းနှင့် ခန္တီးမြို့မှ မော်လိုက်မြို့သို့ ပြန်ရန်အခက်အခဲရှိသူ နှစ်ဦးအတွက် အပြန်ရေယာဉ်လက်မှတ်ဖြတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် (၁၀.၆.၂၀၁၇) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၃) စု လူဦးရေ (၁၀) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်တို့ကို (၁၆.၆.၂၀၁၇)ရက်နေ့တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ကွင်းဆင်းထောက်ပ့ံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့နေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုရာမုန်တိုင်းဘေးအတွက် သံတွဲမြို့ နယ်၊ မောရုံကျေးရွာ တစ်စိတ်တပိုင်းပျက်စီး အိမ် (၂၃) လုံး နှင့် ဘုန်းတော်ကြီးကျောင်း( ၁ ) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ( ၅၆၀၀၀၀)နှင့် ဂွမြို့နယ်၊ ဂျိုင်ကြီးကျေးရွာ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၄ ) လုံးအတွက်( ၂၄၀၀၀၀ ) နှင့် ဘုန်းတော်ကြီးကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီး (၁) ကျောင်း အတွက် (၁၀၀၀၀၀) စုစုပေါင်း ( ၁၀၀၀၀၀၀ ) … Read more









