ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့နေမှုသတင်း

17.6.2017
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုရာမုန်တိုင်းဘေးအတွက် သံတွဲမြို့ နယ်၊ မောရုံကျေးရွာ တစ်စိတ်တပိုင်းပျက်စီး အိမ် (၂၃) လုံး နှင့် ဘုန်းတော်ကြီးကျောင်း( ၁ ) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ( ၅၆၀၀၀၀)နှင့် ဂွမြို့နယ်၊ ဂျိုင်ကြီးကျေးရွာ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၄ ) လုံးအတွက်( ၂၄၀၀၀၀ ) နှင့် ဘုန်းတော်ကြီးကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီး (၁) ကျောင်း
အတွက် (၁၀၀၀၀၀) စုစုပေါင်း ( ၁၀၀၀၀၀၀ ) အား (၁၅.၆.၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် လွဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events