လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး၊ ပြင်ဆင်ရေး၊ လတ်တလောကယ်ဆယ်ရေးအထောက်အပံ့ပေးနို်င်ရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဖော်ထုတ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ မင်းရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအား အထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားသို့တက်ရောက်ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ကျောင်းနေအရွယ် ကလေးများ ကျောင်းရောက်ရှိရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်း ထွက်နှုန်း ကျဆင်းရေးတို့သည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ကျောင်းတက်နိုင်ရန် နိုင်ငံတော်အစိုးရက အခမဲ့ပညာရေးစနစ် ဖော်ဆောင်နေသော်လည်း အခြား လူမှုရေး၊ အာဟာရဖြည့်တင်းရေးတို့အတွက် မိသားစုများကို ထောက်ပံ့ရန် လိုအပ်ကြောင်း၊ ကျောင်းတွင်းနေ့လည်စာ တစ်နပ်ကျွေးမွေးရေးသည်လည်း ရေရှည်တွင်အကောင်အထည်ဖော် ရမည့်လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်၍ ပညာရေးဝန်ကြီးဌာန နှင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ကျောင်းအဆင့် တိုးမြှင့်ခွင့်ရရှိခြင်းသည် ဒေသခံ ပြည်သူ့ဆန္ဒကိုပြည်သူ့ကိုယ်စားလှယ်များဖြစ်သောလွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ကြိုးပမ်း မှု၊ ပညာရေးဝန်ကြီးဌာန၏ စနစ်တကျ ဥပဒေဘောင်အတွင်းက ပူးပေါင်းဆောင်ရွက်ပေးနိုင်မှု၏ အောင်မြင်မှုရလာဒ်ဖြစ်ပြီးပြည်သူ့အစိုးရ၏ပြည်သူ့အတွက်ဆောင်ရွက်မှုဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး၊ ပြည်သူ့လွွှတ်တော်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်သို့သွားရောက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အသက်(၉၀)နှစ်နှင့်အထက်အဘွား(၅)ဦးအားနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ ပေးအပ်သော ဧပြီ၊ မေ၊ ဇွန် (၃)လစာ အတွက် လူမှုရေးပင်စင်ကို အိမ်တိုင်ရာရောက် သွွားရောက် ထောက်ပံ့ပေးအပ်ပါသည်။ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို နိုင်ငံအဝန်း ဇွန်လ (၁၅)ရက် နေ့မှ (၃၀) ရက်နေ့အတွင်း ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ် ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂန့်ဂေါမြို့၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ ကိုယ့်အားကိုယ့်ကိုးမူလတန်းကြိုကျောင်းနှင့် အမှတ်(၅၀)၊ ခြေလျင် တပ်ရင်းကိုယ့် အားကိုယ့်ကိုးမူလတန်းကြိုကျောင်းများသို့ သွားရောက်ပြီး တာဝန်ခံဆရာမနှင့် စာသင်ဆရာမများ အတွက် ထောက်ပံ့ငွေနှင့် ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ် ပါသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ဂန့်ဂေါခရိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးမှူးရုံး ဆောက်လုပ်ရန် လျာထားမြေနေရာအားကြည့်ရှုပြီး ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။Source: MSWRR