ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁ရခုနှစ်၊ ဇွန်လ တတိယ (၁၀) ရက်ပတ်အတွက် မြစ်ရေခန့်မှန်းချက် (၁၈- ၆-၂၀၁၇) ရက်နေ့တွင်
အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်——
ဧရာဝတီမြစ်ရေသည် ဇွန်လ တတိယ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၈-ပေမှ ၁၀-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်နှင့် အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့် မြင့်တက်လာနိုင်ပါသည်——————————————-
ချင်းတွင်းမြစ်ရေသည် ဇွန်လ တတိယ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၉-ပေမှ ၁၁-ပေခန့် မြင့်တက်လာနိုင်ပြီး မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၆-ပေမှ ၉-ပေခန့် မြင့်တက်လာနိုင်ပါသည်Source:DMH

Sign Up

Upcoming Events