
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ (၁၆-၆-၂၀၁၇) ရက်နေ့ ၌ မွန်ပြည်နယ် သထုံမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား/သူဦးရေ (၁၅၁) ဦးအား လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။