Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူလူထုများ၊ ကျေးရွာ ရွာခွဲတာဝန်ခံများ၊ ကျောင်းဆရာမများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ (၁၆၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၁၈-၆-၂၀၁၇ )ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၂၉၄၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုးတို့အား လည်း ကောင်း၊ ဗလဗကျေးရွာအုပ်စု၊ ဗလကျေးရွာတွင် ၂၀-၆-၂၀၁၇ ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေး သင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၈)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၅၈၈၀၀ိ/)ကျပ်၊ ကယ်ဆယ်ရေး … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ (၁၅) ရပ်ကွက်၌ (၂၀-၆-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၃၃,၆၀၀) ကျပ်တို့အား (၂၁-၆-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၁ -၆ -၂၀၁၇ )ရက်နေ့တွင် ပင်လောင်းမြို့နယ် တီကျစ်မြို့၌ ရပ်ကွက်/ကျေးရွာ အဆင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်မိ/ ရပ်ဖ ကျေးရွာသူ/သား အင်အား(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲအား (၂၁ -၆ -၂၀၁၇ )ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ တီကျစ်မြို့ အထကကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသား/သူ အင်အား(၅၀၀)ခန့်တက်ရောက်ခကြောင်း သတင်းရရှိပါသည်။Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇) ကျင်းပပြုလုပ်မှုသတင်း
(၂၁-၆-၂၀၁၇) ရက်နေ့ (၁၄းဝ၀) နာရီအချိန်တွင် မွနိပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးမှ ယခင်နှစ်ကြုံတွေခဲ့ရသော သဘာဝဘေးအန္တရာယ်များနှင့် ယခုနှစ်ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်အခြေအနေများအားတင်ပြခြင်း၊ မြို့နယ်အလိုက် ကယ်ဆယ်ရေး အဖွဲ့များဖွဲ့စည်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၆.၂၀၁၇)ရက်နေ့တွင် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၁-၆-၂၀၁၇) ရက်နေ့မှ (၂၃-၆-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) တာဝန် ရှိသူများမှ Hand Speaker နှင့် ရေသန့်ဆေးမှုန့်များအား မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးဆောင်သောအဖွဲ့ (UN Resident and Humanitarian Coordinator) လာရောက်တွေ့ဆုံမှုသတင်း
(၂၁-၆-၂၀၁၇) ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (UN Resident and Humanitarian Coordinator a.i) ဖြစ်သူ Mr. Giuseppe de Vinteritiis ဦးဆောင်သောအဖွဲ့က ယနေ့နံနက် (၉)နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂနိုင်ငံလုံးဆိုင်ရာလူသားချင်းစာနာမှုအဖွဲ့ (UNHCT- United Nations Humanitarian Country Team)အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုရာ ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် … Read more
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၂၁-၆-၂၀၁၇) နေ့၌ ကော့ကရိတ်မြို့နယ် အမှတ် (၄) ရပ်ကွက် သုခဓမ္မရံသီ အပျိုလူပျိုဓမ္မာရုံတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များလည်း ဝေငှပေးခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲသို့ လူဦးရေ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် ဂျပန်နိုင်ငံအခြေစိုက် Kawasaki Company မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဂျပန်နိုင်ငံ အခြေစိုက် Kawasaki Company မှတာဝန်ရှိသူများနှင့် (၂၀-၆-၂၀၁၇)ရက်နေ့ ညနေ (၁၆:၃၀)နာရီတွင် လက်ခံတွေ့ဆုံခဲ့ပြီး သဘာဝဘေး အရေးပေါ်အခြေအနေများ၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေမည့် ယာဉ်ယန္တရားများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။









