(၂၁-၆-၂၀၁၇) ရက်နေ့ (၁၄းဝ၀) နာရီအချိန်တွင် မွနိပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ အဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးမှ ယခင်နှစ်ကြုံတွေခဲ့ရသော သဘာဝဘေးအန္တရာယ်များနှင့် ယခုနှစ်ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်အခြေအနေများအားတင်ပြခြင်း၊ မြို့နယ်အလိုက် ကယ်ဆယ်ရေး အဖွဲ့များဖွဲ့စည်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)