ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၆.၂၀၁၇)ရက်နေ့တွင် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၁-၆-၂၀၁၇) ရက်နေ့မှ (၂၃-၆-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) တာဝန် ရှိသူများမှ Hand Speaker နှင့် ရေသန့်ဆေးမှုန့်များအား မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)