ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

21_Pic03ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၁၈-၆-၂၀၁၇ )ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၂၉၄၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုးတို့အား လည်း ကောင်း၊ ဗလဗကျေးရွာအုပ်စု၊ ဗလကျေးရွာတွင် ၂၀-၆-၂၀၁၇ ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေး သင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၈)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၅၈၈၀၀ိ/)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးတို့အား လည်းကောင်း၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် (၁၈-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုးတို့အား (၂၁-၆-၂၀၁၇) ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events