ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူလူထုများ၊ ကျေးရွာ ရွာခွဲတာဝန်ခံများ၊ ကျောင်းဆရာမများနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ (၁၆၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)