ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးဆောင်သောအဖွဲ့ (UN Resident and Humanitarian Coordinator) လာရောက်တွေ့ဆုံမှုသတင်း

(၂၁-၆-၂၀၁၇) ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (UN Resident and Humanitarian Coordinator a.i) ဖြစ်သူ Mr. Giuseppe de Vinteritiis ဦးဆောင်သောအဖွဲ့က ယနေ့နံနက် (၉)နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂနိုင်ငံလုံးဆိုင်ရာလူသားချင်းစာနာမှုအဖွဲ့ (UNHCT- United Nations Humanitarian Country Team)အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုရာ ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့၌ (၁၅-၆-၂၀၁၇)နေ့က အစည်းအဝေး ကျင်းပမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များ၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦများ၊ ကယ်ဆယ်ရေးစခန်းများရှိ နေရပ်စွန့်ခွာနေထိုင် သူများ နေထိုင်ရာ အဆောက်အဦများကို အစိုးရက အလျန်အမြန်ထောက်ပံ့ ဆောင်ရွက် နေမှုအတွက် ဝမ်းမြောက်ပါကြောင်း၊ ထပ်မံလိုအပ်မှုများအတွက် ကူညီဆောင်ရွက်လိုပါ ကြောင်း ပြောကြားပါသည်။ ထို့နောက် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်၍ အမြန် အကောင်အထည် ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

Sign Up

Upcoming Events