Category Archives: News
-
ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် (၅-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၇၀) စုမှ လူဦးရေ စုစုပေါင်း (၈၃၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၇၅၁၄၀၀/-) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်းတွင်လည်းကောင်း၊ မြသိန်းတန်ဘုန်းကြီးကျောင်း၊ ပေါမိုင်းဘုန်းကြီးကျောင်း နှင့် ဇီးဖြူကုန်းစာသင်ကျောင်းတို့တွင်လည်းကောင်း (၆-၇-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး … Read more
-
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကျင်းပမှုသတင်း
နေပြည်တော်၊ ၆-၇-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးငွေများပေးအပ်ပွဲအခမ်းအနားကို (၅-၇-၂၀၁၇) ရက်နေ့နံက်ပိုင်းက ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းပြည်ဝန်ကိုထမ်းဆောင်နေရသလို မိသားစုအိမ်ထောင့်ဝန်ကိုလည်း ထမ်းဆောင်နေရ ကြောင်း၊ သားသမီးများအတွက် မိဘများ၏တာဝန်သည် ပညာအမွေပေးခြင်းဖြစ်ရာ ငွေကြေးမတတ်နိုင်သော ဝန်ထမ်းအများစုသည် ပညာရေး အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကြရသည်ကိုတွေ့ရှိရကြောင်း၊ ထိုဝန်ထုပ်ဝန်ပိုးများကိုလျော့ချရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးစားပေးနေ သလို မိမိတို့အနေဖြင့်လည်းမိမိတို့၏ ဝန်ထမ်းများကိုပံ့ပိုးကူညီရန်လိုအပ်သဖြင့် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၇) ရက်နေ့ (၁၀:၃၀) နာရီတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၁၅) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ ငလျင်ဘေး၊ ဆူနာမီ ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ဗီနိုင်းများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ (၅-၇-၂၀၁၇) ရက်နေ့၌ လေဆင်နှာမောင်းဘေးကြောင့် လုံးဝပျက်စီးသွားသော (ဓနိမိုး ဝါးကာ ဝါးခင်း) လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ဖျက် ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၂၁)အိမ်မှ ပြောင်းရွှေ့အိမ်ထောင်စ ု(၂၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၁) အိမ်ထောင်စာအား (၅-၇-၂၀၁၇) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်ထွေ/အုပ်မှတဆင့် လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသောတရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအားသောက်ရေသန့်နှင့်အစားအစာများ ထောက်ပံ့ပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅.၇.၂၀၁၇)ရက်နေ့ မွန်းလွဲ၁၄၀၀ အချိန်တွင် မြဝတီမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ပြန်လည်ကြိုဆိုလက်ခံရေးစခန်း (ကျောက်လုံးကြီး) ၌ ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသော တရားမဝင်ရွှေ့ ပြောင်းအလုပ် သမားများအား သောက်ရေ သန့်နှင့်စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ (၅.၇.၂၀၁၇)ရက်နေ့တွင် အဆိုပါ ရွှေ့ပြောင်း အလုပ်သမားကြိုဆိုလက်ခံ ရေးစခန်းသို့ဝင်ရောက်လာ သူကျား(၉၁၁) ဦး၊မ (၅၅၂)ဦး၊ စုစုပေါင်း(၁၄၆၃)ဦး ရှိကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၇-၂၀၁၇) ရက်နေ့ စစ်ကိုင်းမြို့နယ် ”ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွ့ံဖြိုးရေး ဒီဂရီကောလိပ်”၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခဲ့ပြီး ဆရာ/ ဆရာမ သင်တန်းသူ/သား (၃၀၀)ဦးတက်ရောက်် ခဲ့ပါ ကြောင်းသတင်းရ ရှိပါသည်။Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃.၇.၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့၊ အင်းတလူအုပ်စု၊ တမန်ကြီးကျေးရွာ ၊ လေဘေးကြောင့်လုံးဝပြိုကျအိမ်ခြေ အမိုးလန်နေအိမ် (၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူ (၅) ဦး ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၀၅၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀၀၀)အား (၅.၇.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မင်းပြားမြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
(၃၀-၅-၂၀၁၇) ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မင်းပြားမြို့နယ််အတွင်း လုံးဝပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၈) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၄၄) လုံး၊ လုံးဝပျက်စီးသွားသော(ဓနိမိုး/ဝါးကာ) လူနေအိမ် (၆၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော(ဓနိမိုး/ဝါးကာ) လူနေအိမ် (၂၄၇) လုံး၊ လုံးဝပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော(သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၅၆၄၀၀၀၀) အား (၄-၇-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်တော်မြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
(၃၀-၅-၂၀၁၇) ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်အတွင်း လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၁၄၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၈၈၅) လုံး၊ လုံးဝပျက်စီးသွားသော (ဓနိမိုး/ဝါးကာ) လူနေအိမ် (၁၀၃) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၄၆၁) လုံး၊ လုံးဝပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း (သွပ်မိုး/ပျဉ်ကာ) (၁) ကျောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်း (သွပ်မိုး/ပျဉ်ကာ) (၂၄) ကျောင်းအတွက် ထောက်ပံ့ငွေ (၉၅၅၇၀၀၀၀) ကျပ်တိတိအား (၃-၇-၂၀၁၇) ရက်နေ့တွင် … Read more









