ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅.၇.၂၀၁၇)ရက်နေ့ မွန်းလွဲ၁၄၀၀ အချိန်တွင် မြဝတီမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ပြန်လည်ကြိုဆိုလက်ခံရေးစခန်း (ကျောက်လုံးကြီး) ၌ ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက်လာသော တရားမဝင်ရွှေ့ ပြောင်းအလုပ် သမားများအား သောက်ရေ သန့်နှင့်စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ (၅.၇.၂၀၁၇)ရက်နေ့တွင် အဆိုပါ ရွှေ့ပြောင်း အလုပ်သမားကြိုဆိုလက်ခံ ရေးစခန်းသို့ဝင်ရောက်လာ သူကျား(၉၁၁) ဦး၊မ (၅၅၂)ဦး၊ စုစုပေါင်း(၁၄၆၃)ဦး ရှိကြောင်း သတင်းရရှိပါသည်။
Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)