ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃.၇.၂၀၁၇) ရက်နေ့တွင် ဟင်္သာတမြို့၊ အင်းတလူအုပ်စု၊ တမန်ကြီးကျေးရွာ ၊ လေဘေးကြောင့်လုံးဝပြိုကျအိမ်ခြေ အမိုးလန်နေအိမ် (၁)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ လူ (၅) ဦး ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၀၅၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀၀၀)အား (၅.၇.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)