ကျောက်တော်မြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း

6Pic_02
(၃၀-၅-၂၀၁၇) ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်အတွင်း လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၁၄၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) လူနေအိမ် (၈၈၅) လုံး၊ လုံးဝပျက်စီးသွားသော (ဓနိမိုး/ဝါးကာ) လူနေအိမ် (၁၀၃) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၄၆၁) လုံး၊ လုံးဝပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း (သွပ်မိုး/ပျဉ်ကာ) (၁) ကျောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသောဘုန်းတော်ကြီးကျောင်း (သွပ်မိုး/ပျဉ်ကာ) (၂၄) ကျောင်းအတွက် ထောက်ပံ့ငွေ (၉၅၅၇၀၀၀၀) ကျပ်တိတိအား (၃-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events