Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဝင်ပြောင်းရွှေ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ (၁၁-၇-၂၀၁၇)ရက်နေ့ မုံရွာမြို့နယ်၊ ဘုဘကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁၅၅၄) ဦးတို့အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၃,၂၆၃,၄ဝဝ) နှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၀၃၉) စု၊ လူဦးရေ (၄၇၉၅) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ ကျပ် (၁၀,၀၆၉,၅၀၀) အား (၁၂-၇-၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်တွင် (၂၉-၆-၂၀၁၇) ရက်နေ့ကဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၈,၉၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၁၀၀,၀၀၀)အား (၁၁-၇-၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မုံံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃) ရွာမှ အိမ်ထောင်စု (၃၃၂) စု လူဦးရေ (၁၅၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၆၃၄၀၀)နှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၀၃၉) စု လူဦးရေ (၄၇၉၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၀၆၉၅၀၀) အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုရေးဝန်ကြီးနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော လုပ်သားများကိုစနစ်တကျကြိုဆိုမှုပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားပေးကြည့်ရှုမှုသတင်း
(၁၁-၇-၂၀၁၇)၊ မြဝတီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိထိုင်းနိုင်ငံမှပြန်လည်ဝင် ရောက်လာသောပြည်သူများကိုပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိကြ ပြီးကြိုဆိုလက်ခံရေးလုပ်ငန်းများကိုဌာနဆိုင်ရာများအလိုက်အဆင့်ဆင့်ဆောင်ရွက်ပေးနေပုံ၊ထိုင်းနိုင်ငံဘက်သို့တရားဝင်သွားရောက်ကြမည့် ပြည်သူများအတွက် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင် ရွက်ပေးနေမှု၊ တပ်မတော်နှင့်လူမှုရေးအသင်းအဖွဲ့များ၏ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ကြည့် ရှုလေ့လာပြီးပြန်လည်ဝင်ရောက်လာကြသောပြည်သူများအနေဖြင့်၄င်းတို့၏နေရပ်သို့ စနစ်တကျ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရပြီး လက်ရှိကြိုဆိုလက်ခံရေးစခန်းမှစနစ်တကျ ဆောင်ရွက် ပေးနေမှုများကိုကျေးဇူးတင်ရှိပါကြောင်း၊လိုအပ်ချက်များနှင့်အကြံပြုချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ထပ်မံပြန်လည်ဝင်ရောက်လာကြမည့် ပြည်သူများအတွက်လည်း ကြိုဆိုလက်ခံပေးရန်အသင့်ရှိနေကြောင်းသတင်းစကားကိုဤနေရာမှ တဆင့်ပန်ကြားပါကြောင်း ပြော ကြားခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံသို့တရားဝင်အလုပ်လုပ်ကိုင်ရန်သွားရောက်ကြမည့် မြန်မာနိုင်ငံသား များအတွက် ဆောင်ရွက်ပေးနေမှု လုပ်ငန်းအဆင့်ဆင့်ကိုလည်း ကြည့်ရှုလေ့လာပြီးအလုပ်သွား ရောက်လုပ်ကိုင်မည့်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်ဖက်နိုင်ငံကသတ်မှတ်ထားသော … Read more
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၅-၇-၂၀၁၇) မှ (၉-၇-၂၀၁၇) နေထိ ထောက်ပံ့ရန် ကျန်ရှိ သော ကယ်ဆယ်ရေးစခန်းများတွက် အိမ်ထောင်စု (၆၁)စု ကယ်ဆယ်ရေးပစ္စည်း (၅)မျိုးလူဦးရေ (၂၆၂)ဦးတွက် ဆန်ရက္ခာဖိုးငွေ (၅၅၀၂၀၀) ကျပ်တိတိအား (၁၁-၇-၂၀၁၇)ရက်နေ့တွင် ရပ်ကွက်အုပ် ချုပ် ရေးမှူးများ ထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင်အိမ်ထောင်စုများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှတာဝန်ရှိသူများသည် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသော တိုက်ပွဲ များကြောင့် နမ္မတူမြို့၊ ကယ်ဆယ်ရေးစခန်းများ သို့ရောက်ရှိ လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂၁)စုမှ လူဦးရေ ကျား(၅၁၅) တို့အား ဆန်ရိက္ခာ(၁၄)ရက်စာ တန်ဖိုးငွေ (၂၁၆၃၀၀၀/-) တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၂၄၂၀၀၀/-) ငါးသေတ္တာ (၃)ဘူး (၁၂၇၀၅၀/-) စုစုပေါင်းတန်ဖိုး ငွေကျပ် (၂၅၃၂၀၅၀/-) အား (၁၁.၇.၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source:လားရှိုးခရိုင်ဦးစီးမှူးရုံးကဆရ)
-
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၁၀-၇-၂၀၁၇) နေ့တွင် ရေလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၈၇)စု လူဦးရေ (၈၀၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၈၇) အိမ်ထောင်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၉၀၅၀၀/-)နှင့် ခန္တီးမြို့ မြို့မရပ်တွင် (၁၀-၇-၂၀၁၇) နေ့ ရေနစ်သေဆုံးသူ တစ်ဦးအတွက် သေဆုံးသူတစ်ဦးအတွက် သေဆုံးသူထောက်ပံ့ငွေ (၃၀၀၀၀၀/-) တို့ကို မြို်နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့်အတူ (၁၁-၇-၂၀၁၇)နေ့တွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင််ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်် (၁၁-၇-၂၀၁၇) ရက်နေ့တွင် မောင်တောမြို့နယ်တွင်း လေဘေးသင့်ကျေးရွာအုပ်စုများမှ ့်ကျေးရွာအုပ်စု (၄)စု မှ လုံးဝပြို အိမ် (၅၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၅၀၀၀၀)ကျပ် တစ်စိတ်တစ်ပိုင်း (၄၀၀) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀၀)ကျပ် စုစုပေါင်း ကျပ်(၁၀၅၅၀၀၀၀)အား မောင်တောခရိုင်ရုံးမှတာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများသွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source: မောင်တောခရိုင််ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် နောင်မွန်မြို့နယ်တွင် (၃၀-၆-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့်မြေပိ သေဆုံးခဲ့သူ မောင်ငွါးဇာရဲမိ (ဘ) ဦးငွါးဇာဒီးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)အား နောင်မွန်မြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်မှတဆင့် (၁၁-၇-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
တိုက်ပွဲရှောင် အိမ်ထောင်စုများထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူ များနှင့်နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများသည် (၅.၇.၂၀၁၇) နေ့တွင် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများကြောင့် နမ္မတူမြို့၊ ကယ်ဆယ်ရေးစခန်းများ သို့ရောက်ရှိ လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၈)စုမှ လူဦးရေ ကျား(၃၇) မ (၆၁) စုစုပေါင်း (၉၈)တို့အား ဆန်ရိက္ခာ(၁၄)ရက်စာ တန်ဖိုးငွေ (၄၁၁၆၀၀/-) တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၅၆၀၀၀/-) ငါးသေတ္တာ (၃)ဘူး (၂၉၄၀၀ိ/-) နှင့်ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၂၈၇၀၄၈/-)အား (၇.၇.၂၀၁၇)ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံးကဆရ)









