စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဝင်ပြောင်းရွှေ့မှုသတင်း

12Pic_02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့်အတူ (၁၁-၇-၂၀၁၇)ရက်နေ့ မုံရွာမြို့နယ်၊ ဘုဘကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁၅၅၄) ဦးတို့အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၃,၂၆၃,၄ဝဝ) နှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၀၃၉) စု၊ လူဦးရေ (၄၇၉၅) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ ကျပ် (၁၀,၀၆၉,၅၀၀) အား (၁၂-၇-၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events