ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၁၀-၇-၂၀၁၇) နေ့တွင် ရေလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၈၇)စု လူဦးရေ (၈၀၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၈၇) အိမ်ထောင်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၆၉၀၅၀၀/-)နှင့် ခန္တီးမြို့ မြို့မရပ်တွင် (၁၀-၇-၂၀၁၇) နေ့ ရေနစ်သေဆုံးသူ တစ်ဦးအတွက် သေဆုံးသူတစ်ဦးအတွက် သေဆုံးသူထောက်ပံ့ငွေ (၃၀၀၀၀၀/-) တို့ကို မြို်နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့်အတူ (၁၁-၇-၂၀၁၇)နေ့တွင် သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events