တိုက်ပွဲရှောင် အိမ်ထောင်စုများထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူ များနှင့်နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများသည် (၅.၇.၂၀၁၇) နေ့တွင် နမ္မတူမြို့နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများကြောင့် နမ္မတူမြို့၊ ကယ်ဆယ်ရေးစခန်းများ သို့ရောက်ရှိ လာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၂၈)စုမှ လူဦးရေ ကျား(၃၇) မ (၆၁) စုစုပေါင်း (၉၈)တို့အား ဆန်ရိက္ခာ(၁၄)ရက်စာ တန်ဖိုးငွေ (၄၁၁၆၀၀/-) တစ်အိမ်ထောင်လျှင် ဆီ (၅၀)သား (၅၆၀၀၀/-) ငါးသေတ္တာ (၃)ဘူး (၂၉၄၀၀ိ/-) နှင့်ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၂၈၇၀၄၈/-)အား (၇.၇.၂၀၁၇)ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လားရှိုးခရိုင်ဦးစီးမှူးရုံးကဆရ)

Sign Up

Upcoming Events