(၁၁-၇-၂၀၁၇)၊ မြဝတီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိထိုင်းနိုင်ငံမှပြန်လည်ဝင် ရောက်လာသောပြည်သူများကိုပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ယနေ့မွန်းလွဲပိုင်းတွင်ရောက်ရှိကြ ပြီးကြိုဆိုလက်ခံရေးလုပ်ငန်းများကိုဌာနဆိုင်ရာများအလိုက်အဆင့်ဆင့်ဆောင်ရွက်ပေးနေပုံ၊ထိုင်းနိုင်ငံဘက်သို့တရားဝင်သွားရောက်ကြမည့် ပြည်သူများအတွက် ဌာနဆိုင်ရာများက လုပ်ငန်းများ ဆောင် ရွက်ပေးနေမှု၊ တပ်မတော်နှင့်လူမှုရေးအသင်းအဖွဲ့များ၏ပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ကြည့် ရှုလေ့လာပြီးပြန်လည်ဝင်ရောက်လာကြသောပြည်သူများအနေဖြင့်၄င်းတို့၏နေရပ်သို့ စနစ်တကျ ပြန်လည်ရောက်ရှိနေကြောင်းသိရှိရပြီး လက်ရှိကြိုဆိုလက်ခံရေးစခန်းမှစနစ်တကျ ဆောင်ရွက် ပေးနေမှုများကိုကျေးဇူးတင်ရှိပါကြောင်း၊လိုအပ်ချက်များနှင့်အကြံပြုချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ထပ်မံပြန်လည်ဝင်ရောက်လာကြမည့် ပြည်သူများအတွက်လည်း ကြိုဆိုလက်ခံပေးရန်အသင့်ရှိနေကြောင်းသတင်းစကားကိုဤနေရာမှ တဆင့်ပန်ကြားပါကြောင်း ပြော ကြားခဲ့ပါသည်။
ထို့နောက် ထိုင်းနိုင်ငံသို့တရားဝင်အလုပ်လုပ်ကိုင်ရန်သွားရောက်ကြမည့် မြန်မာနိုင်ငံသား များအတွက် ဆောင်ရွက်ပေးနေမှု လုပ်ငန်းအဆင့်ဆင့်ကိုလည်း ကြည့်ရှုလေ့လာပြီးအလုပ်သွား ရောက်လုပ်ကိုင်မည့်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှစ်ဖက်နိုင်ငံကသတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရန်လည်းမှာကြားခဲ့ပါသည်။
ထို့နောက် မြဝတီခရိုင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန်အတွက် အရေးပေါ်လိုအပ်လျက်ရှိသော ဖိုက်ဘာစက်တပ်လှေ ဝယ်ယူ ရန်ကျပ်သိန်း(၅၀)နှင့် ချိန်းဆောလွှ(၄) လက်တို့ကိုလည်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယနေ့နံနက်ပိုင်းကလည်းပြည်ထောင်စုဝန်ကြီးသည်ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ မြိုင်ကြီးငူဆရာတော်၏ သက်တော်(၆၉)နှစ်မြောက်ဝိဇာတမွေးနေ့မင်္ဂလာပွဲသို့တက်ရောက်ပြီး မြိုင်ကြီး ငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် စာနပ်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ကို ဆက်ကပ်လှူဒါန်းပြီး၊ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံကာ လက်တလောလိုအပ်ချက်များကို ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် ရေရှည်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ဆောင် ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက် ပေးနိုင်မည့်အစီအစဉ်များကို စခန်းတာဝန်ခံများ၊ စခန်းရှိပြည်သူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စခန်းတွင် ယာယီနေထိုင်ကြစဉ်ကာလအတွင်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကိုကိုယ်စီသင်ယူတတ်မြောက်အောင်လေ့ကျင့်ပေးမည်ဖြစ်ပါ ကြောင်း၊ မိမိတို့တတ်ကျွမ်း ပြီးဖြစ်သည့် ရိုးရာယက်ကန်းလုပ်ငန်းဖြင့်လည်း ဝင်ငွေပိုမိုရရှိစေရေး အတွက် အရင်းအနှီးငွေကြေးလိုအပ်မှုကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏မူလနေရာဒေသတွင်ပြန်လည်နေထိုင်ကြရသည့်အခါတွင်လည်းမိသားစုအတွက်ကိုယ်တိုင်ဝင်ငွေရရှိစေမည့်လုပ်ငန်းများကိုတတ်မြောက်ပြီး စားဝတ်နေရေးအတွက်လုံခြုံစိတ်ချရသော အခြေအနေ ကောင်းများကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် အားပေးစကားပြောကြားကာ လတ်တလောစားသုံးရန် ဆန်ရိက္ခာအတွက် ငွေ(၁၃၂၀၉၂၀၀/-)ကျပ်နှင့် တိုက်ပွဲရှောင်ပြည်သူများ ရိုးရာယက်ကန်းလုပ်ငန်း ဆောင်ရွက်ရန်မတည်ငွေ (၅) သိန်းကျပ် တို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။