ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မုံံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃) ရွာမှ အိမ်ထောင်စု (၃၃၂) စု လူဦးရေ (၁၅၅၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၂၆၃၄၀၀)နှင့် ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ရေဝင်ပြောင်းရွှေ့ ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု (၁၀၃၉) စု လူဦးရေ (၄၇၉၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၀၆၉၅၀၀) အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုရေးဝန်ကြီးနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)