Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၇) ရက်နေ့ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၂၂) ကျောင်းသို့သွားရောက်၍ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများ မိုးကြိုးဘေး၊ မီးဘေး၊ ငလျင်ဘေး တို့ကြုံတွေ့ရပါက မည်သို့ တုံံ့ပြန်ရမည်များကိုသရုပ်ပြရှင်းလင်းခဲ့ပြီးလက်တွေ့လုပ်ဆောင်သရုပ်ပြခဲ့ရာကျောင်းသားကျောင်းသူ (၃၅၀) ဦးတက်ရောက်ခဲ့ပြီး၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ လက်ကမ်းစာစောင်၊ ဗွီနိုင်းပိုစတာများဖြန့်ဝေခဲ့ ကြောင်းသတင်းရ ရှိပါသည်။Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၂-၇-၂၀၁၇) ရက်နေ့ ဘိုကလေးမြို့(၂) ရပ်ကွက်ရှိ မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သည့်အကြောင်းအရာများအားဆွေးနွေးဟောပြောခဲ့ပြီး ဓမ္မစကူးလ်ကျောင်းသား/သူများ ဆရာ/ဆရာမများ နှင့်ရပ်ကွက်အတွင်းရှိပြည်သူများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲံ့ပြီး ရာသီအလိုက်ဖြစ်တတ်သောသဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေးအရေးပေါ်အခြေအနေတွင် လျင်မြန်စွာတုံ့ပြန်မှုများဆွေးနွေးဟောပြောခဲ့ပါ ကြောင်းသတင်းရ ရှိပါသည်။Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ (၂၆-၆-၂၀၁၇) ရက်နေ့ ဧရာဝတီတို်င်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့မှ တင်ပြလာမှုဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၁၂-၇-၂၁၀၇) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးဒေသ၊ ညောင်ကျိုးကျေးရွာအုပ်စု၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းစိုးနှင့်တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ နှစ်စဉ်ရေဘေးဒဏ်ခံခဲ့ရ သည့် ကျေးရွာအုပ်စု(၈)ရွာမှကျေးရွာသူကျေးရွာသားများ စုစုပေါင်းအင်အား(၇၁၃)ဦး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek လာရောက်တွေ့ဆုံမှုသတင်း
၁၂-၇-၂၀၁၇ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek က ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ချက်သမ္မတနိုင်ငံနှင့် မြန်မာနို်င်ငံတို့အကြား လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကစ၍ သံတမန်ဆက်သွယ်မှုရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ၊ မကြာမီက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမိုရာ အပါအဝင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုအခြေအနေ၊ ဝန်ကြီးဌာနက မူဝါဒအသစ်များချမှတ်၍ ပြည်သူများ ဒီမိုကရေစီစံနှုန်းနှင့်အညီ အခြေခံလူ့အခွင့်အရေးများ ရရှိစေရေးကို … Read more
-
ရေနံချောင်းမြို့နယ် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ၊ မန်မြေ မြောက်ကျေးရွာတို့မှ ကမ်းပြိုဘေးမှ လွတ်ကင်းသောနေရာသို့ ရွေ့ပြောင်းပြီးဖြစ်သော အိမ် (၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀၀/-) ကျပ်၊ လူ (၇၃) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၅၅၄၀၀/-) ကျပ် စုစုပေါင်း (၂၁၅၅၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၂၀) အိမ်ထောင်စုစာတို့ကို … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိ သူများနှင့် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (မန္တလေး) နှင့်ပူးပေါင်းလျက် သဘာဝဘေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို မြင်းခြံမြို့ တလုပ်တိုက်နယ် မြို့ကြီးကုန်းကျေးရွာ၌ ကျေးရွာ (၁၀) ရွာမှ တစ်ရွာလျှင် ၂ ဦးနှုန်းဖြင် လူ (၂၀) ဦး၊ မြင်းခြံမြို့ပေါ် အရံမီးသတ် နှင့်ကြက်ခြေနီ တို့မှ (၁၀) ဦး စုစုပေါင်းသင်တန်းသား (၃၀ )ဦးဖြင့် (၁၂.၇.၂၀၁၇) နေ့မှ (၁၄.၇.၂၀၁၇ )နေ့အထိ သုံးရက်ကြာဖွင့်လှစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှုးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လပွတ္တာမြို့နယ် ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာ၌ (၁၂-၇-၂၀၁၇)ရက်နေ့တွင် `သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း´ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် NLD အဖွဲ့ဝင်များပိုးလောင်းဆေးရုံးအုပ်ကြီးမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ပိုးလောင်းရဲတပ်ဖွဲ့မှစခန်းမှူး ပြည်သူ့စစ်များ အမျိုးသမီးရေးရာမိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ရပ်မိရပ်ဖများ AVSI မှ ဝန်ထမ်းများ သင်တန်းသား/သူ (၃၀)ဦးစုစုပေါင်း(၄၅)ဦးတတ်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၂-၇-၂၀၁၇)မှ(၁၄-၇-၂၀၁၇)ရက် နေ့ထိ (၃)ရက် ကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၇) ရက်နေ့၊ (၁၀:၂၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်၌ မြို့နယ်သဘာဝဘေးစီမံစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗွီနိုင်းများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများကို မောင်းသူမဲ့လေယာဉ် (Unmanned Aerial Vehicles – UAVs) များ အသုံးပြု၍ ရယူဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ပူးပေါင်း၍ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများကို မောင်းသူမဲ့လေယာဉ် (Unmanned Aerial Vehicles – UAVs) များ အသုံးပြု၍ ရယူဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို Horizon Lake View Hotel၊ နေပြည်တော်၌ (၁၂-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး … Read more









