ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် လပွတ္တာမြို့နယ် ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာ၌ (၁၂-၇-၂၀၁၇)ရက်နေ့တွင် `သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း´ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ် NLD အဖွဲ့ဝင်များပိုးလောင်းဆေးရုံးအုပ်ကြီးမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ပိုးလောင်းရဲတပ်ဖွဲ့မှစခန်းမှူး ပြည်သူ့စစ်များ အမျိုးသမီးရေးရာမိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ရပ်မိရပ်ဖများ AVSI မှ ဝန်ထမ်းများ သင်တန်းသား/သူ (၃၀)ဦးစုစုပေါင်း(၄၅)ဦးတတ်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၂-၇-၂၀၁၇)မှ(၁၄-၇-၂၀၁၇)ရက် နေ့ထိ (၃)ရက် ကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)