လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၇) ရက်နေ့၊ (၁၀:၂၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်၌ မြို့နယ်သဘာဝဘေးစီမံစီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၂၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ၄င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗွီနိုင်းများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)