ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်မှုသတင်း

13Pic_03 13Pic_04

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ (၂၆-၆-၂၀၁၇) ရက်နေ့ ဧရာဝတီတို်င်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း မြို့နယ်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့မှ တင်ပြလာမှုဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ (၁၂-၇-၂၁၀၇) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးဒေသ၊ ညောင်ကျိုးကျေးရွာအုပ်စု၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းစိုးနှင့်တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ နှစ်စဉ်ရေဘေးဒဏ်ခံခဲ့ရ သည့် ကျေးရွာအုပ်စု(၈)ရွာမှကျေးရွာသူကျေးရွာသားများ စုစုပေါင်းအင်အား(၇၁၃)ဦး တက်ရောက်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။၄င်းနောက် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းထုပ်၊ရေသန့်ဗူး၊ခေါက်ဆွဲခြောက်၊ဆပ်ပြာနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ရေဘေးသင့်ခံရလေ့ရှိသောဒေသများတွင်းဖြင့် ဘေးအန္တရာယ်ကျရောက်လာပါက ကြ့ံကြံ့ခံ ရင်ဆိုင်တုန့်ပြန်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များထိခိုက်ဆုံးရှုံးမှုအား လျော့နည်းသက်သာစေမည်ဖြစ် ဘေးမဖြစ်ပွားမီ ဘေးအန္တရာယ်ကျရောက်လာပါက ကြ့ံကြံ့ခံ ရင်ဆိုင်တုန့်ပြန်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များထိခိုက်ဆုံးရှုံးမှုအား လျော့နည်းသက်သာစေရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။Source:ဧရာဝတီတို်င်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events