ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek လာရောက်တွေ့ဆုံမှုသတင်း

၁၂-၇-၂၀၁၇ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Jaroslav Dolecek က ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ချက်သမ္မတနိုင်ငံနှင့် မြန်မာနို်င်ငံတို့အကြား လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကစ၍ သံတမန်ဆက်သွယ်မှုရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ၊ မကြာမီက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမိုရာ အပါအဝင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုအခြေအနေ၊ ဝန်ကြီးဌာနက မူဝါဒအသစ်များချမှတ်၍ ပြည်သူများ ဒီမိုကရေစီစံနှုန်းနှင့်အညီ အခြေခံလူ့အခွင့်အရေးများ ရရှိစေရေးကို လူမှုကာကွယ် စောင့်ရှောက်ရေးနည်းဖြင့် ရရှိအောင် ဆောင်ရွက်ပေးနေသည့် အစီအစဉ်များ၊ သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ အသင့်အနေအထားရှိရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်သော လူမှု အဖွဲ့အစည်း ဖြစ်ပေါ်လာရေးကြိုးပမ်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်း များ၏ အကူအညီအထောက်အပံ့များ ထိရောက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (DACU) ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေနှင့် ချက်သမ္မတနိုင်ငံနှင့် ဝန်ကြီးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events