Category Archives: News
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ပေါက်တောကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၄)လုံး၊အိမ်ထာင်စု(၄)စု၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၃၉,၉၀၀)၊ အိမ်ထောင်စု (၄)စာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၄၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၃၉,၉၀၀)အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁)လုံး၊အိမ်ထောင်စု(၁၁)စု၊ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၁၀၂,၉၀၀)၊အိမ်ထောင်စု (၁၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၁,၁၀၀,၀၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၂၀၂,၉၀၀)အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၇)ရက်နေ့မှ (၁၁-၇-၂၀၁၇)ရက်နေ့အထိ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မိုးကွဲအုပ်စု၊ ချင်းယားကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၁၁၇,၆၀၀)၊ အိမ်ထောင်စု (၁၀)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁,၀၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁,၁၁၇,၆၀၀)တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၇)ရက်နေ့မှ (၁၁-၇-၂၀၁၇)ရက်နေ့အထိ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄၆,၂၀၀)၊ အိမ်ထောင်စု (၄) စုစာ ၊ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ ရေဝင်ပြောင်းရွှေ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် (၁၃-၇-၂၀၁၇)ရက်နေ့အထိပြောင်းရွှေ့ခဲ့ရသော ကြာအင်းအုပ်စု၊ ထန်းပင်ကုန်းအုပ်စု၊ တွန်းပင်အုပ်စုတို့မှ အိမ်ထောင်စု (၂၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊ လူဦးရေ (၁၄၃)ဦးတို့အတွက်ဆန်ရိက္ခာတန်ဖိုးငွေ (၃၀၀၃၀၀) ကျပ်တိတိအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် (၁၄-၇-၂၀၁၇)ရက်နေ့၌ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့(မန္တလေး)၊ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်သင်တန်းသားများ၊ ပရဟိတအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်လျှက် မြင်ခြံမြို့နယ်၊ သာပေါင်းအုပ်စု ၊ တောင်ပုကျေးရွာ ဘုန်းကြီးကျောင်း၌ ရပ်ရွာနေပြည်သူ (၂၀၀) ဦးခန့်ကို သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုသဘာဝဘေး အသိပညာပေးလုပ်ငန်းများ ဆွေးနွေးခြင်းတို့ကို (၁၄-၇-၂၀၁၇) နေ့တွင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ၌ (၇-၇-၂၀၁၇) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ် (၁) လုံးပြိုကျခဲ့ပြီး အိမ် (၁) လုံအား ကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအား ပြောင်းရွှေ့ပေးခဲ့ပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ် … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Relief International (RI) အဖွဲ့အစည်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားပြုလုပ်မှုသတင်း
– ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Relief International အဖွဲ့အစည်းတို့ ပူးပေါင်း၍ (၁၄.၇.၂၀၁၇)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ EOC အဆောက်အအုံသစ် အစည်းအဝေးခန်းမ၌ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ – အဆိုပါအခမ်းအနားကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ဦးစီးဌာနရှိသက်ဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ကြီးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Relief International မှ Country Director နှင့်တကွ … Read more
-
“မိုရာ” မုန်တိုင်းတိုက်ခတ်မှုအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇)ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ/ထရံကာ) လူနေအိမ် (၁၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ/ထရံကာ) လူနေအိမ် (၃၉၅) လုံး၊ လုံးဝပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၁၃၅) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၄၇၉) လုံး၊ လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၉,၆၃၀,၀၀၀ိ/-) ကျပ်တို့အား (၁၃-၇-၂၀၁၇)ရက်နေ့တွင် … Read more









