ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇)ရက်နေ့တွင် “မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ/ထရံကာ) လူနေအိမ် (၁၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ/ထရံကာ) လူနေအိမ် (၃၉၅) လုံး၊ လုံးဝပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၁၃၅) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (ဓနိမိုး/ထရံကာ) လူနေအိမ် (၄၇၉) လုံး၊ လုံးဝပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော (သွပ်မိုး/ပျဉ်ကာ) ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၉,၆၃၀,၀၀၀ိ/-) ကျပ်တို့အား (၁၃-၇-၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးထံလွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)