ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာ၌ (၇-၇-၂၀၁၇) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် သံလွင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ် (၁) လုံးပြိုကျခဲ့ပြီး အိမ် (၁) လုံအား ကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအား ပြောင်းရွှေ့ပေးခဲ့ပါသည်။ အဆိုပါ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ် စုစုပေါင်း (၂၁၆,၈၀၀) ကျပ်တို့အား (၁၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)