Category Archives: News
-
မင်းဘူးစကုမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးစကုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ကင်းရာသို့ (၁၅-၇-၂၀၁၇) ရက်နေ့ထိ ရွှေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု (၅၈၃) စု၊ လူဦးရေ (၂၁၅၉) ဦးတို့အတွက် ဆန် (၇) ရက်စာဖိုး (၄၅၃၃၉၀၀) ကျပ်တိတိကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ (၁၇-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ဆင်ဖြူရပ်ကွက်၊ ကမ်းနားပိုင်းတွင် (၁၅-၇-၂၀၁၇) ရက်နေ့၊ (၁၁:၁၅) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သက်တမ်းရင့် ကုက္ကိုပင် ကိုင်းပဲ့ကျခြင်းကြောင့် ပြိုကျပျက်စီး နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) … Read more
-
ပြည်တွင်းရေမျောအတွက် ခရီးစရိတ်နှင့် စားစရိတ်ထောက်ပံ့ငွေပေးအပ်မှုသတင်း
မာန်အောင်မြို့နယ်၊ ဆားချက် (နယ်မြေရဲစခန်း) အပိုင်၊ ရဲကျွန်း၏ အနောက်ဖက်ပင်လယ်ပြင်တွင် (၉-၇-၂၀၁၇) ရက်နေ့ (၁၈း၅၅) နာရီအချိန်၌ ဦးချစ်ကိုကို (ဘ) ဦးဉာဏ်စိန်၊ ဘုရင့်နောင်ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၊ ကော့သောင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေထိုင်သူအား ဦးကျော်ရွှေ မောင်းနှင်လာသော ထာဝရပွားအောင် စက်လှေမှ တွေ့ရှိကယ်ဆယ်ခဲ့ပြီး ၎င်းအား နေရပ်သို့ ပို့ဆောင်မည်ဖြစ်ပါသဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ခရီးစရိတ်နှင့် စားစရိတ်ထောက်ပံ့ငွေ (၇၈,၅၀၀) ကျပ်အား (၁၇-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) အား (၁၇-၇-၂၀၁၇) ရက်နေ့မှ (၂၃-၇-၂၀၁၇) ရက်နေ့အထိ သင်တန်းသာ (၆၀) ဦးဖြင့်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဆိုင်ရာရှင်းလင်းချက်များအား ပြောကြား ခဲ့ပါသည်။ သင်တန်းသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၄-၇-၂၀၁၇)နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒုက္ခခံစားကြရသည့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက် (၄) ခုနှင့် ကျေးရွာ (၄) ရွာတို့မှ အိမ်ထောင်စု (၁၈၂) စု၊ လူဦးရေ (၈၁၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး(ကျားလုံချည်၊ မလုံချည်၊ တီရှပ်အင်ကျီ၊ ပုဝါ၊ ဆပ်ပြာတောင့်) (၁၈၂) စုံ၊ ဆန်ရိက္ခာတန်ဖိုးငွေ (၁,၇၀၁,၀၀၀) (၇-ရက်စာ) နှင့် (၁) လီတာ ရေသန့်ဘူး … Read more









