မင်းဘူးစကုမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

17_pic01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးစကုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်၍ ဘေးလွတ်ကင်းရာသို့ (၁၅-၇-၂၀၁၇) ရက်နေ့ထိ ရွှေ့ပြောင်းပြီးဖြစ်သော အိမ်ထောင်စု (၅၈၃) စု၊ လူဦးရေ (၂၁၅၉) ဦးတို့အတွက် ဆန် (၇) ရက်စာဖိုး (၄၅၃၃၉၀၀) ကျပ်တိတိကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ (၁၇-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events