ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) အား (၁၇-၇-၂၀၁၇) ရက်နေ့မှ (၂၃-၇-၂၀၁၇) ရက်နေ့အထိ သင်တန်းသာ (၆၀) ဦးဖြင့်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဆိုင်ရာရှင်းလင်းချက်များအား ပြောကြား ခဲ့ပါသည်။ သင်တန်းသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)