ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ဆင်ဖြူရပ်ကွက်၊ ကမ်းနားပိုင်းတွင် (၁၅-၇-၂၀၁၇) ရက်နေ့၊ (၁၁:၁၅) နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သက်တမ်းရင့် ကုက္ကိုပင် ကိုင်းပဲ့ကျခြင်းကြောင့် ပြိုကျပျက်စီး နေအိမ် (၁) လုံးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၁) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် Family Kit (၂) အိတ်တို့အား (၁၆-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events