မာန်အောင်မြို့နယ်၊ ဆားချက် (နယ်မြေရဲစခန်း) အပိုင်၊ ရဲကျွန်း၏ အနောက်ဖက်ပင်လယ်ပြင်တွင် (၉-၇-၂၀၁၇) ရက်နေ့ (၁၈း၅၅) နာရီအချိန်၌ ဦးချစ်ကိုကို (ဘ) ဦးဉာဏ်စိန်၊ ဘုရင့်နောင်ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၊ ကော့သောင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေထိုင်သူအား ဦးကျော်ရွှေ မောင်းနှင်လာသော ထာဝရပွားအောင် စက်လှေမှ တွေ့ရှိကယ်ဆယ်ခဲ့ပြီး ၎င်းအား နေရပ်သို့ ပို့ဆောင်မည်ဖြစ်ပါသဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ခရီးစရိတ်နှင့် စားစရိတ်ထောက်ပံ့ငွေ (၇၈,၅၀၀) ကျပ်အား (၁၇-၇-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)