Category Archives: News
-
စက်တပ်ဖိုက်ဘာလှေနှင့် အသက်ကယ်အင်္ကျီများလွှဲပြောင်းပေးအပ်မှုသတင်း
မွန်ပြည်နယ်အစိုးရအဖွဲ့မှ အမျိုးသားသဘာဝဘေးရန်ပုံငွေအထောက်အပံ့ဖြင့် ဝယ်ယူခဲ့သည့် စက်တပ်ဖိုက်ဘာလှေ (၅) စီးနှင့် အသက် ကယ်အင်္ကျီ (၅၀) ထည်တို့အား သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးနှင့် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ကိုယ်စား တွဲဖက်အတွင်းရေးမှူး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန် ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ ဘီးလင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီသို့ (၂၈-၇-၂၀၁၇) ရက်နေ့ နံနက် (၀၉း၁၅) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၇)နေ့တွင် သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာအုပ်စု ဓမင်းဆိပ်ကျေးရွာ နေပြည်သူလူထု(၂၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို (၂၇-၇-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရှမ်းပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေး) မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခြင်းနှင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးဟောပြောခြင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် ဖော်ထုက်သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမူရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်စုစုပေါင်းအင်အား (၈၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူ များသည် (၂၃.၇.၂၀၁၇) ရက်နေ့တွင် တောင်ကုတ်မြို့၊နယ်ဆားပြင်ကျေးရွာအုပ်စု ကမာကျေး ရွာတွင််ဖြစ်ပွားသော လေဆင်နှာမောင်းဘေးတွင် သစ်ပင်ပိအိမ် (၂) လုံး၊ လုံးဝပျက်စီးအိမ် (၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၈၀၀၀၀) ကျပ်နှင့်ဘေး သင့်လူးဦးရေ (၂၉၅) ဦးအတွက် ဆန်ဖိုး (၆၁၉၅၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄)အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၅၈)အိမ်ထောင်စုစာတို့အား (၂၇ ့ ၇ ့၂၀၁၇) ရက်နေ့တွင် ကမာကျေးရွာဘုန်းကြီးတော်ကြီးကျောင်း၌်သွားရောက်ထောက်ပ့ံခဲ့ကြောင်း … Read more
-
ဘိုကလေးမြို့၊ မဟာအောင်တော်မူ ဘုရားဝင်း ချိုကြည်တန်ဆောင်း၌ မြို့နယ်/ကျေးရွာအုပ်စုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၇-၇-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် World Vision (ဘိုကလေး) အဖွဲ့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့ဘေးအန္တယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ကျေးရွာအုပ်စု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများ ပူးပေါင်းချိတ်ဆက််မှုအားကောင်းစေရန်နှင့် ဘေးအန္တရာယ်လျှော့ချရေး အလေးထားဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ “မြို့နယ်/ကျေးရွာအုပ်စုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” အား ဘိုကလေးမြို့၊ မဟာအောင်တော်မူဘူရားဝင်း ချိုကြည်တန်ဆောင်း၌ ကျင်းပခဲ့ရာ ဘိုကလေးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က အဖွင့့််အမှာစကားပြောခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင််ဇင်ဦးမှ အမှာစးကားပြောကြားခြင်း၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းအား ရှင်းလင်းဆွေးနွေးခြင်းနှင့် World Vision … Read more
-
ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျှက်ရှိခြင်း
၂၀၁၇ ခုနှစ်၊ ဇွန်လလယ်မှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေတိုးခြင်းတို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တို့တွင် ရေကြီး/ရေလျှံမှုများဖြစ်ပွားခဲ့ရာ (၁-၇-၂၀၁၇) ရက်နေ့မှ (၂၅-၇-၂၀၁၇) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စုစုပေါင်း(၅၁)မြို့နယ်တွင် ရေမျောပါသည့်အိမ်ခြေ (၅၅) လုံးနှင့် ရေဘေးလွတ်ကင်းရာ နေရာများသို့ ယာယြီပောင်းရွှေ့ရသည့် အိမ်ထောင်စု (၃၄၈၂၃) စု၊ လူဦးရေ (၁၃၉၈၇၇) ဦးရှိခဲ့ပြီး လူ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့၊ တလိုင်းကွင်း အုပ်စု၊ ရေလယ်ကျွန်းအုပ်စု၊ သောကြာဒူးအုပ်စုတို့တွင် (၂၃-၇-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၉,၉၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ ဇလုပ်ကြီး (ကန့်ဘလူ) တို့၌ (၂၄-၇-၂၀၁၇) ရက်နေ့နှင့် (၂၅-၇-၂၀၁၇) ရက်နေ့များတွင် ဖြစ်ပွားသောရေဘေးကြောင့် ဘေးသင့် အိမ်ခြေ (၃၃) လုံး၊ အိမ်ထောင်စု (၃၃) စုမှ လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉,၀၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









