မွန်ပြည်နယ်အစိုးရအဖွဲ့မှ အမျိုးသားသဘာဝဘေးရန်ပုံငွေအထောက်အပံ့ဖြင့် ဝယ်ယူခဲ့သည့် စက်တပ်ဖိုက်ဘာလှေ (၅) စီးနှင့် အသက် ကယ်အင်္ကျီ (၅၀) ထည်တို့အား သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးနှင့် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ကိုယ်စား တွဲဖက်အတွင်းရေးမှူး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန် ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ ဘီးလင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီသို့ (၂၈-၇-၂၀၁၇) ရက်နေ့ နံနက် (၀၉း၁၅) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)