ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့၊ တလိုင်းကွင်း အုပ်စု၊ ရေလယ်ကျွန်းအုပ်စု၊ သောကြာဒူးအုပ်စုတို့တွင် (၂၃-၇-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၉,၉၀၀) ကျပ်တို့အား (၂၆-၇-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)