ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျှက်ရှိခြင်း

1 2 3 4 5 6 7 8 9 1710 11

14   1312   1516
၂၀၁၇ ခုနှစ်၊ ဇွန်လလယ်မှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေတိုးခြင်းတို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တို့တွင် ရေကြီး/ရေလျှံမှုများဖြစ်ပွားခဲ့ရာ (၁-၇-၂၀၁၇) ရက်နေ့မှ (၂၅-၇-၂၀၁၇) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စုစုပေါင်း(၅၁)မြို့နယ်တွင် ရေမျောပါသည့်အိမ်ခြေ (၅၅) လုံးနှင့် ရေဘေးလွတ်ကင်းရာ နေရာများသို့ ယာယြီပောင်းရွှေ့ရသည့် အိမ်ထောင်စု (၃၄၈၂၃) စု၊ လူဦးရေ (၁၃၉၈၇၇) ဦးရှိခဲ့ပြီး လူ (၃) ဦး သေဆုံးခဲ့ပါသည်။ ယခုအခါ အချို့နေရာများတွင် ရေများ ပြန်လည်ကျဆင်းပြီးဖြစ်သဖြင့် မိမိတို့၏ မူလနေရာများသို့ ပြန်လည်ပြောင်းရွှေ့သူများ ရှိသကဲ့သို့ ယာယီကယ်ဆယ်ရေးစခန်းများတွင် ကျန်ရှိသည်များလည်းရှိပါသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် သေဆုံးသူများအတွက် ထောက်ပံ့ခြင်းအပါအဝင် စုစုပေါင်း (၂၀၈,၇၆၂,၉၂၈) (ကျပ်သိန်းနှစ်ထောင်ရှစ်ဆယ်ခုနှစ်သိန်း‌ြခောက်သောင်းနှစ်ထောင်ကိုးရာနှစ်ဆယ့်ရှစ်) ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပ့ံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events