ဘိုကလေးမြို့၊ မဟာအောင်တော်မူ ဘုရားဝင်း ချိုကြည်တန်ဆောင်း၌ မြို့နယ်/ကျေးရွာအုပ်စုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

28_pic01 28_pic02
(၂၇-၇-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် World Vision (ဘိုကလေး) အဖွဲ့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့ဘေးအန္တယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ကျေးရွာအုပ်စု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများ ပူးပေါင်းချိတ်ဆက််မှုအားကောင်းစေရန်နှင့် ဘေးအန္တရာယ်လျှော့ချရေး အလေးထားဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ “မြို့နယ်/ကျေးရွာအုပ်စုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ” အား ဘိုကလေးမြို့၊ မဟာအောင်တော်မူဘူရားဝင်း ချိုကြည်တန်ဆောင်း၌ ကျင်းပခဲ့ရာ ဘိုကလေးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က အဖွင့့််အမှာစကားပြောခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင််ဇင်ဦးမှ အမှာစးကားပြောကြားခြင်း၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းအား ရှင်းလင်းဆွေးနွေးခြင်းနှင့် World Vision (ဘိုကလေး) မှ စီမံချက်မန်နေဂျာ ဦးဌေးလင်း က စီမံချက်ပါဆောင်ရွက်ချက်များအား တင်ပြခြင်းတို့ကို ဆောင်ရွက်ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ CSO များ၊ NGOs/INGOs များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၁၅၀) ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာကြသော  ကိုယ်စားလှယ်များထံ လက်ကမ်းစာစောင်များ၊ Vinyl ပိုစတာများ ဝေငှပေးခဲ့ပြီး DAN Mobile Application နှင့်  KOBO Application များအသုံးပြုပုံနည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events