Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်စွာဆောင်ရွက်လျက်ရှိမှုသတင်း
(၃၀-၇-၂၀၁၇)၊ ဧရာဝတီတိုင်းဒေသကြီး ၂၀၁ရခုနှစ်၊ ဇူလိုင်လ၊ (၃၀) ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် သာပေါင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာန ဆိုင်ရာများနှင့်တွေ့ဆုံရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သာပေါင်းမြို့နယ်အတွင်း ဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်မှု ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပါဝင်ဆောင်ရွက်သော လုပ်ငန်းကော်မတီ (၁၂) … Read more
-
သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာအုပ်စု၊ တလင်းဆိပ်ကျေးရွာ လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာအုပ်စု၊ တလင်းဆိပ်ကျေးရွာ၌ (၂၄-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွွေ (၅၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွွေ (၆၃၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၅၆၃၀၀) ကျပ်တိတိအား ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု (ဒုတိယနေ့) တွင် သဘာဝဘေးအသိပညာပေးဆွေးနွေးမှုသတင်း
ကလေးခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း (ဒုတိယနေ့) ကို (၃၀-၇-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာသူ/သားများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီနှင့် ဌာနဆိုင်ရာများအား ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့လုံးဖောကျေးရွာ၊ အေးချမ်းသာကျေးရွာနှင့် ဖော့သုတ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၈-၇-၂၀၁၇) ရက်နေ့တွင် ရေဘေးသင့်ခဲ့သော ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့လုံးဖောကျေးရွာမှ အိမ်ထောင်စု (၅၉) စု၊ လူဦးရေ (၂၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၅၉) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၇၄၆၀၀) ကျပ်ကို လည်းကောင်း၊ အေးချမ်းသာကျေးရွာမှ အိမ်ထောင်စု (၂၀) စု၊ လူဦးရေ (၈၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၇၀၁၀၀) ကျပ်ကို … Read more
-
နမ့်စန်မြို့နယ်၊ အမှတ် (၆) ကျေးရွာ အထက (ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၇) ရက်နေ့၊ ညနေပိုင်းတွင် နမ့်စန်မြို့နယ်၊ အမှတ် (၆) ကျေးရွာ အထက (ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာ အထက (ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာ အထက (ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၁၅၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၈-၇-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ UN/INGOs/NGOs/CSO/CBO အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ … Read more
-
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၇-၇-၂၀၁၇) ရက်နေ့တွင် အိမ်ခြေ (၂၀၀) လုံး၊ အိမ်ထောင်စု (၂၀၀) စုမှ လူဦးရေ (၈၇၇) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၈၄၁၇၀၀) ကျပ်အား (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၇-၇-၂၀၁၇) ရက်နေ့တွင် အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၅၀) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ အဆိုပါရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၁၅၀၀၀) ကျပ်အား (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









