ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၂၇-၇-၂၀၁၇) ရက်နေ့တွင် အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၄) စုမှ လူဦးရေ (၁၅၀) ဦး ပြောင်းရွှေ့နေထိုင်ခဲ့ရာ အဆိုပါရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၁၅၀၀၀) ကျပ်အား (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)