ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

30_pic01

30_pic02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ပူးပေါင်း၍ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၈-၇-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ၊ UN/INGOs/NGOs/CSO/CBO အဖွဲ့အစည်းများအပါအဝင် စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ပြောကြားခြင်း၊ (IOM) အဖွဲ့အစည်း၏အရာရှိမှ အလုပ်ရုံဆွေးနွေးပွဲအကြောင်း မိတ်ဆက်ပြောကြားခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၂၈-၇-၂၀၁၇) ရက်နေ့မှ (၃၁-၇-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events