
ကလေးခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး ရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း (ဒုတိယနေ့) ကို (၃၀-၇-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာသူ/သားများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီနှင့် ဌာနဆိုင်ရာများအား ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါရေဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းသို့ အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)