ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်စွာဆောင်ရွက်လျက်ရှိမှုသတင်း

(၃၀-၇-၂၀၁၇)၊ ဧရာဝတီတိုင်းဒေသကြီး
၂၀၁ရခုနှစ်၊ ဇူလိုင်လ၊ (၃၀) ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် သာပေါင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာန ဆိုင်ရာများနှင့်တွေ့ဆုံရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သာပေါင်းမြို့နယ်အတွင်း ဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်မှု ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပါဝင်ဆောင်ရွက်သော လုပ်ငန်းကော်မတီ (၁၂) ရပ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်တို့၏ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုပီပြင်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ဧရာ ဝတီတိုင်းဒေသကြီးတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုများဖြစ်သော ရေနုတ်မြောင်း၊ ရေသွင်းမြောင်း၊ ချောင်း ကော၊ မြောင်းကောများပြုပြင်တူးဖော်ခြင်း၊ ကားလမ်းမကြီးများတွင် ရေထုတ်ပြွန်များ တည်ဆောက်ခြင်း၊ ရေထိန်းတံခါးများ ပြုပြင်တည်ဆောက်ခြင်း၊ တာတမံများပြုပြင်ခြင်း၊ သဘာဝဘေးခေတ္တခိုလှုံရာ ဘက်စုံသုံးအဆောက်အဦးများ တည်ဆောက်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို အလေးထားဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များအနေဖြင့် သဘာဝဘေးဒဏ်ခံစားရမှုများ လျော့နည်းလာခဲ့ကြောင်း၊ ရေကြီးရေလျှံဖြစ်လျှင်ဖြစ်ခြင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ဖြင့် အလျင်အမြန် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုလည်း အားစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကိုအလေးထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်လှေဖြင့် တလုပ်ကုန်းကျေးရွာအုပ်စု၊ နွားတောင်ကျေးရွာရှိ မင်္ဂလာ ရာမကျောင်းတိုက်သို့ရောက်ရှိကြပြီး နွားတောင်၊ ဘုရားကုန်း၊ ကျိ န္တလိ၊ ကမ်းပါးးနီကျေးရွာများမှ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပါသည်။ သဘာဝဘေးဖြစ်ပွားစဉ် ကျရောက်တတ်သော ကူးစက်တတ်သောရောဂါများကို အထူးဂရုပြုကာကွယ်ရန်လိုအပ်ပါကြောင်း၊ ယခုရာသီတွင် ဖြစ်ပွားလျက်ရှိသော ရာသီတုတ်ကွေး (H1N1) နှင့်ပတ်သက်၍လည်း ဗဟုသုတ အသိရှိရန်လိုအပ်ကြောင်း၊ ရောဂါလက္ခဏာ၏အစဖြစ်သော ဖျားနာခြင်း၊ နှာစေးချောင်းဆိုးဖြစ်ခြင်း ခံစားနေရသောသူ များသည် အခြားသူများအား အလွယ်တကူမကူးစက်စေရန် နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်သော်လည်း တစ်ကိုယ်ရည် သန့်ရှင်းရေး ဆပ်ပြာဖြင့်လက်သန့်ရှင်းရေးသည် အဓိကကျသော ကာကွယ်ရေးနည်းလမ်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဖြင့် မသန်စွမ်းသူများ၏အရေးကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မသန်စွမ်းသူများအားထောက်ပံ့ ပေးရေးအစီအစဉ်ကို စတင်နေပါကြောင်း၊ ယခုယာယီ ရေဘေးရှောင် စခန်းရှိ မသန်စွမ်းသူများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဘုရားကုန်းရွာ၊ ကျိန္တလိကျေးရွာများမှ ရေဘေးသင့်ပြည်သူ (၃၉၉) ဦး၊ ဆန်ရိက္ခာ (၁) ပတ်စာအတွက် (၈၃၇,၉၀၀) ကျပ် မသန်စွမ်း (၅) ဦးအတွက် ထောက်ပံ့ကြေး ငွေ (၁၅၀,၀၀၀) ကျပ်၊ ရေဘေးသင့်ပြည်သူများ ညပိုင်းလျှပ်စစ်မီးရရှိရေးအတွက် စက်သုံးဆီဖိုး (၄၇,၆၀၀) ကျပ်၊ ရေဘေးရှောင် အိမ်ထောင်စု (၁၄၂) စုအတွက် ကုလားပဲ (၁၄၂.၅) ပိဿာ၊ ကူးစက်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (၄၀၀) ခုနှင့် ဆပ်ပြာ (၂၀၀) ပိုင်း၊ ကလေးကစားစရာအရုပ်နှင့်အာဟာရမုန့်များကို ထောက်ပံ့ခဲ့ပြီး သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဘက်စုံ သုံး အဆောက်အဦ(၁)လုံးထောက်ပံ့နိုင်ရေးတို့ကိုလည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့ရှိ မဟာသီရိမင်္ဂလာရာမပရိယတ္တိစာသင်တိုက်တွင် ခေတ္တရေဘေးရှောင်ပြည်သူများအားသွားရောက် ကြည့်ရှုအားပေးကာ ရေဘေးသင့်ပြည်သူ (၇၇၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၂၉၆၀၀) ကျပ်၊ ဖိုက်ဘာစက်တပ်လှေ (၃) စီးနှင့် အသက်ကယ်အကျႌ (၃၀) ထည်အတွက် (၆၉) သိန်း၊ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (၄၀၀) ခုနှင့် ဆပ်ပြာ (၂၀၀) ပိုင်း၊ မိခင် (၁) ဦး အာဟာရဖြည့်တင်းရေးအတွက် ထောက်ပံ့ငွေ ကျပ် (၅၀,၀၀၀) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အတွက် လိုအပ်ချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ယမန်နေ့ ညနေပိုင်းကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ပုုသိမ်မြို့၊ ကလေးပြုစုရေးဌာနသို့ (၂၉-၇-၂၀၁၇) ရက်နေ့ ညနေပိုင်း တွင် ရောက်ရှိခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ ကလေးငယ်များအပေါ် စနစ်တကျ ပြုစုစောင့်ရှောက်နေမှုများကို ကြည့်ရှုပြီး ယခုအခါ ရာသီတုတ်ကွေး (H1N1)ရောဂါနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပွားသူများရှိပါက နှာခေါင်းစည်းစနစ်တကျတပ်ဆင်ရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုကြရန်မှာကြားပြီး ကလေးများကို ကစားစရာအရုပ်များနှင့် အာဟာရမုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events